Bago

ပဲခူးဒေသက မြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးဒေသတစ်ခုပဲဖြစ်ပြီး နိုင်ငံရဲ့ တောင်ဘက်ဗဟိုချက်မှာ တည်ရှိပါတယ်။ ဧရိယာအကျယ်အဝန်း အားဖြင့် မိုင် ၅၀ ကျယ်ဝန်းပြီး အရှေ့မြောက်ဘက်မှာ ရန်ကုန်တိုင်း၊ မြောက်ဘက်မှာ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်၊ မွန် ပြည်နယ်နဲ့ အရှေ့ဘက်မှာ မုတ္တမပင်လယ်ကွေ့တို့က ဝန်းရံထားပါတယ်။ ဒါ့အပြင် အနောက်ဘက်မှာ ဧရာဝတီနဲ့ ရခိုင်ပြည်နယ်တို့နဲ့ လည်း ထိစပ်နေပါတယ်။

သမိုင်းကြောင်း

Bago-Region

ဒဏ္ဍာရီအရ မွန်မင်းသားနှစ်ပါးက အေဒီ ၅၇၃မှာ သထုံကို ဟံသာဝတီအဖြစ် စတင်ထူထောင်ပါတယ်။ ဟံသာဝတီတိုင်းပြည်ရဲ့မြို့တော် အဖြစ် ဟံသာဝတီမြို့က ၁၃၆၉ခုနှစ်ကနေ ၁၅၃၉ခုနှစ်အထိ တည်ရှိခဲ့ပြီး အောက်မြန်မာနိုင်ငံကို လွှမ်းမိုးထားခဲ့ပါတယ်။ တောင်ငူဘုရင် တပင်ရွှေထီးက ပဲခူးကို ထီးနန်းစိုက်မြို့အဖြစ်သတ်မှတ်ပြီး ၁၅၃၉ခုနှစ်ကနေ ၁၅၉၉ခုနှစ်အထိ စိုးစံခဲ့ပါတယ်။ ၁၆၃၄ခုနှစ်မှာ ဗမာနိုင်ငံ ရဲ့ မြို့တော်က အင်းဝကို ရွှေ့ပြောင်းခဲ့ပါတယ်။ မွန်လူမျိုးတွေက ဗမာတွေရဲ့အုပ်ချုပ်မှုကို တွန်းလှန်ခဲ့ပြီး ၁၇၄၀ပြည့်နှစ်မှာ လွတ်လပ် ရေးရရှိခဲ့ပါတယ်။ ဒါပေမဲ့ အလောင်ဘုရားက မွန်တိုင်းပြည်ကို ၁၇၅၇ခုနှစ်မှာ သိမ်းပိုက်ခဲ့ပါတယ်။ ဘိုတော်ဘုရားက ၁၇၈၂ခု နှစ်မှာ ပဲခူးမြို့ကို ပြန်လည်တည်ထောင်ခဲ့ပါတယ်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး ၁၈၅၂ခုနှစ်မှာ ပဲခူးမြို့ကို ဗြိတိသျှတို့ သိမ်းပိုက်ခဲ့ပါတယ်။ မြို့တော်ကို ၁၈၆၂ခုနှစ်မှာ ရန်ကုန်ကို ရွှေ့ပြောင်းခဲ့ပြီး ဗြိတိသျှ-ဘားမားကို စတင်ခဲ့ပါတယ်။

ပဲခူးတိုင်းရဲ့မြို့တော်

posztos / Shutterstock.com

ယခင်က ဟံသာဝတီလို့ သိရှိခဲ့ကြတဲ့ ပဲခူးမြို့ဟာ မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီးရဲ့မြို့တော်ပဲ ဖြစ်ပါတယ်။ ပဲခူးမြို့ရဲ့ထင်ရှားတဲ့အ မှတ်အသားကတော့ နာရီစင်ကြီးနဲ့ လိပ်ပြာကန်တို့ပဲ ဖြစ်ပါတယ်။ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုကြွယ်ဝလှပြီး လေ့လာစရာများတဲ့ ရှေးဟောင်းဘုရားတွေ အများကြီးရှိသလို သွားရောက် လည်ပတ်ချင်စရာနေရာတွေလည်း ပဲခူးမြို့မှာ ပေါများပါတယ်။ နိုင်ငံခြားသား ဧည့်သည်တွေအနေနဲ့ ပဲခူးရဲ့ သမိုင်းဝင်ဒေသတွေကို သွားရောက်လည်ပတ်မယ်ဆိုရင် ပဲခူးရှေးဟောင်းသုတေသနဇုံလက်မှတ်ဝယ်ယူရ မှာဖြစ်ပြီး လက်မှတ်တစ်စောင်ကို ဆယ်ဒေါ်လာကျသင့်မှာ ဖြစ်ပါတယ်။ ကဗ္ဘောဇသာကီနန်းကလွဲပြီး အဲဒီလက်မှတ်က ကျန်တဲ့နေရာ တွေ အားလုံးကို သွားရောက်လည်ပတ်ခွင့်ရမှာ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးတိုင်းဒေသများ

ပဲခူးတိုင်းဒေသကြီးကို ခရိုင်လေးခုအဖြစ် ပိုင်းခြားထားပါတယ်။ ပဲခူး၊ ပြည်၊ သာယာဝတီနဲ့ တောင်ငူပါ။ ပဲခူးက တိုင်းဒေသထဲက အခြားမြို့တွေဖြစ်တဲ့ တောင်ငူ၊ပြည်တို့နဲ့ ယှဉ်ရင် မြန်မာနိုင်ငံမှာ စတုတ္ထမြောက်အကြီးမားဆုံး မြို့လည်း ဖြစ်ပါတယ်။

လူမျိုးစုနဲ့ ဘာသာရေး

ဗမာ၊ ကရင်၊ မွန်၊ ချင်း၊ ရခိုင်၊ ရှမ်း၊ တရုတ်နဲ့ ပအို့ပ်တိုင်းရင်းသားတွေ ပဲခူးဒေသမှာ နေထိုင်ကြပါတယ်။ အဓိကဘာသာရေးကတော့ ဗုဒ္ဓဘာသာဖြစ်ပြီး အခြားဘာသာဝင်တွေဖြစ်တဲ့ ခရစ်ယာန်၊ ဟင်ဒူ၊ အစ္စလာမ်စတဲ့ ယုံကြည်သက်ဝင်သူတွေလည်း အတူယှဉ်တွဲနေထိုင် ကြပါတယ်။ အဓိကဘာသာစကားကတော့ ဗမာစကားပါပဲ။

စီးပွားရေး

ဒီဒေသရဲ့စီးပွားရေးက သစ်ထုတ်ရေးကို အဓိကမှီခိုပါတယ်။ ပဲခူးတိုင်းဒေသကြီးရဲ့မြောက်ဘက်စွန်းမှာ တောင်ငူမြို့တည်ရှိပြီး တောင်တန်းတွေနဲ့ ဝန်းရံထားပါတယ်။ တောင်ငူမြို့ဟာ သစ်ထုတ်ရေးအတွက် အဓိကကျပြီး ကျွန်းနဲ့ အခြားသစ်မာတွေ ထုတ်လုပ်ပါ တယ်။ လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံရဲ့သစ်တောစီမံခန့်ခွဲမှုအရ သစ်ထုတ်ရေးကို ရပ်တန့်ထားပါတယ်။ အခြားသဘာဝအရင်း အမြစ်အနေနဲ့ ရေနံထုတ်လုပ်ပြီး အဓိကကောက်ပဲသီးနှံကတော့ စပါးဖြစ်ပါတယ်။ ဒါတွေတင်မကသေးပါဘူး။ ကွမ်း၊ ကြံ၊ ပြောင်း၊ မြေပဲ၊နှမ်း၊နေကြာ၊ ပဲ၊ ရော်ဘာ၊ ဆေးရွက်ကြီး၊ ငှက်ပျောသီး၊ဇီးသီး၊ထန်းရည်တွေလည်း စိုက်ပျိုးထွက်ရှိပါသေးတယ်။ တခြားလုပ်ငန်း တွေလည်းရှိပါသေးတယ်။ မွေးမြူရေးနဲ့ ရေလုပ်ငန်း၊ ဆားချက်လုပ်ငန်း( ပဲခူးဆားဆိုတာ နာမည်ကြီးပါပဲ။) ဘိလပ်မြေ၊ သကြား၊ စက္ကူ ၊ သစ်ပေါင်းသားနဲ့ အချိုမှုန့်ထုတ်တဲ့စက်မှုလုပ်ငန်းတွေလည်း ရှိပါသေးတယ်။

ပဲခူးကို ဘယ်လိုသွားမလဲ

ပဲခူးကိုသွားဖို့ လမ်းနှစ်လမ်းရှိပါတယ်။ ပထမလမ်းကတော့ ကားနဲ့ဖြစ်ပြီး ဒုတိယလမ်းကြောင်းကတော့ ရထားပါ။ ဧည့်သည်တွေဟာ ပဲခူးမြို့ကို နေ့ချင်းပြန်ခရီးအနေနဲ့ သွားလာကြပါတယ်။

အဝေးပြေးဘတ်စ်ကား သို့မဟုတ် လိုင်းကား

တကယ်လို့ လမ်းမှာ ယဉ်ကြောပိတ်ဆို့မှု သိပ်မဖြစ်ဘူးဆိုရင် ရန်ကုန်-ပဲခူးက တစ်နာရီခွဲခရီးပါ။ ရန်ကုန်ကနေ ပဲခူးကို ဘတ်စ်နဲ့သွားခဲ့ မယ်ဆိုရင် မြန်ဆန်ပြီး ကုန်ကျစရိတ်လည်း သက်သာပါတယ်။ လက်ရှိအချိန်မှာတော့ လမ်းတွေက ပြုပြင်ထိန်းသိမ်းမှုတွေပြုလုပ်ထားပြီ ဖြစ်လို့ ဘတ်စ်ကားနဲ့သွားရတာ အများကြီး သက်သောင့်သက်သာဖြစ်လာပါပြီ။ ရန်ကုန်-ပဲခူးပြေးဆွဲနေတဲ့ ဘတ်စ်တွေမှာ အဲကွန်းပါတဲ့ ကားနဲ့ မပါတဲ့ကားလည်း ရှိပါတယ်။ ပဲခူးဘတ်စ်ကားတွေက ရန်ကုန်စော်ဘွားကြီးကုန်း ဘတ်စ်ကားဂိတ်ကနေ ထွက်ပါတယ်။ ကားခက တော့ မြန်မာကျပ်ငွေ ၂၀၀၀ခန့်ဖြစ်ပါတယ်။ အောင်မင်္ဂလာအဝေးပြေးဝင်းထဲကထွက်တဲ့ ဘတ်စ်ကားတွေလည်း ဈေးနူန်းမကွာလှပါဘူး။

ရထားစီးမယ်ဆိုရင်

Bago-Region

ရထားနဲ့ဆိုရင် ရန်ကုန်-ပဲခူးခရီးက တစ်နာရီနဲ့ လေးဆယ်ငါးမိနစ်ကြာမြင့်ပါတယ်။ ရန်ကုန်ဘူတာကြီးကနေ ရထားထွက်ပြီး လက်မှတ် ကတော့ နိုင်ငံခြားသားဧည့်သည်တွေအတွက်  ပုံမှန်ခုံအတွက် ၅ဒေါ်လာ၊ အထက်တန်းကဆိုရင် ၈ဒေါ်လာကျသင့်ပါတယ်။ ရန်ကုန်-ပဲခူး ရထားက နေ့စဉ် ငါးစင်း ပုံမှန်ထွက်ပါတယ်။ အစောဆုံးရထားက နံနက် ၆နာရီဖြစ်ပြီး နောက်အကျဆုံးရထားက ညနေ ၅နာရီပါ။

ရာသီဥတု

ပဲခူးဒေသရဲ့ တောင်ပိုင်းက စိုစွက်ပြီး မြောက်ပိုင်းကတော့ ခြောက်သွေ့ပါတယ်။ ယေဘုယျအားဖြင့် ဇန်နဝါရီလက အခြောက်သွေ့ဆုံးလ ဖြစ်ပြီး အအေးဆုံးကာလလည်းဖြစ်ပါတယ်။ သြဂုတ်လက စိုစွက်မှုများပြီး အပူဆုံးကတော့ ဧပြီလပါပဲ။

ပဲခူးတိုင်းက သွားရောက်လည်ပတ်စရာနေရာများ

Bago-Region Bago-Region

၁။ ရွှေမှော်ဓောဘုရား- မြန်မာနိုင်ငံမှာ ဉာဏ်တော်အမြင့်ဆုံးဘုရားဖြစ်ပြီး ( နံနက် ၆နာရီကနေ ည ၉နာရီအတွင်း ဖူးမြော်နိုင်ပါတယ်၊ ပဲခူးရှေးဟောင်းသုတေသနဇုံလက်မှတ်က နိုင်ငံခြားသားတွေအတွက် တစ်ဦးကို ၁၀ဒေါ်လာနဲ့ ကင်မရာကြေး ၃ ဒေါ်လာကျသင့်မှာဖြစ်ပါ တယ်။)

၂။ ရွှေသာလျောင်းဘုရား ( နေ့စဉ် နံနက် ၆နာရီကနေ ည ၉နာရီအတွင်း ဖူးမြော်နိုင်ပါတယ်၊ ပဲခူးရှေးဟောင်းသုတေသနဇုံလက်မှတ်က နိုင်ငံခြားသားတွေအတွက် တစ်ဦးကို ၁၀ဒေါ်လာပါ။)

၃။ ကဗ္ဘောဇသာကီနန်းတော်နဲ့ နန်းတော်ပြတိုက်( ဖွင့်လှစ်ချိန် နေ့စဉ် နံနက် ၉နာရီကနေ ညနေ ၅နာရီဖြစ်ပြီး အမျိုးသားအားလပ်ရက်၊ အရေးကြီးတဲ့ဘာသာရေးနေ့တွေကလွဲပြီး ဖွင့်လှစ်ပါတယ်။ ဝင်ကြေးကတော့ တစ်ဦးကို ၄ဒေါ်လာဖြစ်ပါတယ်။)

၄။ ကျိုက်ပွန်ဘုရား ( နေ့စဉ် နံနက် ၆နာရီကနေ ညနေ ၆နာရီအထိ ဖွင့်လှစ်ပြီး နိုင်ငံခြားသားတွေအတွက် တစ်ဦးကို ၁၀ဒေါ်လာနဲ့ ကင်မရာကြေး ၃ ဒေါ်လာကျသင့်တဲ့ ပဲခူးရှေးဟောင်းသုတေသနဇုံလက်မှတ်နဲ့ ဝင်လို့ရပါတယ်။ )

၅။ မဟာစေတီ( ဖွင့်လှစ်ချိန် နေ့စဉ် နံနက် ၆နာရီ - ၉နာရီ၊ တစ်ဦးကို ၁၀ဒေါ်လာ ကျသင့်တဲ့ ပဲခူးရှေးဟောင်းသုတေသနဇုံလက်မှတ်နဲ့ ဝင်လို့ရပါတယ်။)

ဝင်္ဂဘော်သို့ နေ့ချင်းပြန်ခရီးနှင့် ဖန်တီးရာ၏ monthly activity

ပဲခူးတိုင်းဒေသကြီး
ပဲခူး

ရွှေပြည် အပန်းဖြေစခန်း။

ပဲခူးတိုင်းဒေသကြီး
ပဲခူး