မြန်မာလူမျိုးတွေ အယူသီးသလား

2020-05-20edit MingalaGO

မြန်မာလူမျိုးတိုင်းတော့မဟုတ်ပါဘူး။ တချို့ရှေးအယူအဆ အစွဲအလမ်းကြီးတဲ့လူတွေမှာတော့ အယူသီး တာတွေ တွေ့ရမှာပါ။ ရိုးရာ ယဉ်ကျေးမှု တိုင်းမှာအယူသီးမှုဆိုတာ ရှိစမြဲပါ။ အယူသီးမှုတွေကို လေ့လာ ရတာတော့ စိတ်ဝင်စားစရာကောင်းပါတယ်။ မြန်မာလူမျိုးတို့ရဲ့ အချို့အယူသီးမှုတွေကို လေ့လာကြရအောင်။

အယူသီးမှုများ

Photo by MaiteTiscar (freestocks.org)

ကျေးလက်ဒေသတွေမှာ အယူသီးမှုတွေကို ပိုတွေ့ရတတ်ပါတယ်။ တချို့အယူအဆတွေကို လေ့လာနိုင် ပါတယ်။

ကတ်ကြေးနဲ့ဆော့တာကို ရှေးလူကြီးတွေက တားမြစ်ထားပါတယ်။ အဲ့ဒီလိုဆော့ကစားခြင်းက မိဘတွေကို ခိုက်ရန်ဖြစ်ပွားစေတယ်လို့ အယူရှိပါတယ်။

အိမ်ထဲမှာ မှန်အကွဲတွေ၊ ဖန်ခွက်အကွဲတွေရှိပါက မထားခိုင်းပါဘူး။ အိမ်သားတွေအပေါ် ခိုက်တတ်တယ်လို့ ဆိုကြပါတယ်။

ညဘက် လက်သည်းညှပ်ခြင်းကလည်း လာဘ်တိတ်ခြင်းကို ဖြစ်စေတယ်လို့ အယူရှိကြပါတယ်။ လက်သည်း ညှပ်ပြီးတဲ့ အစများကိုလည်း အိမ်ပြင်ဘက် မှာလွှင့်ပစ်ခိုင်းလေ့ ရှိကြပါတယ်။

လှေကားအောက်က ဖြတ်တာ၊ ထမီလှမ်းတဲ့ ကြိုးတန်းအောက်က ဖြတ်လျှောက်တာတွေကလည်း ဘုန်းနိမ့် တတ်တယ်လို့ အယူရှိပါတယ်။

ဒယ်အိုး ဒယ်ပြားတွေခေါက်ပြီး ဆော့ကစားပါက ထမင်းငတ်တတ်တယ်ဆိုပါတယ်။

ညမိုးချုပ်ချိန်တွေမှာ တူတူပုန်းတမ်း မကစားခိုင်းပါဘူး။ အဲ့ဒီလိုကစားခြင်းက ပုန်းတဲ့သူများကို နတ်ကအပြီး ဖွက်ထားတတ်တယ်လို့ ပြောကြပါတယ်။

ကလေးငယ်လေးတွေကို ညဘက်အပြင်ခေါ်မသွားခိုင်းပါဘူး။ မကောင်းဆိုးဝါး ပြုစားတာတွေ၊ ကိုယ်ထင်ပြတာတွေ ဖြစ်တတ်တယ်လို့ အဆိုရှိပါတယ်။

ညဘက်တွေမှာ အသားစိမ်းတွေ ယူလာတာတွေ၊ သစ်ရွက်တွေ၊ ပန်းတွေခူးလာတာတွေက မကောင်းဆိုးဝါး ကပ်ပါလာနိုင်တယ်လို့ ဆိုကြပါတယ်။

တကယ်လို့ အိမ်မှာ မိသားစုဝင်တစ်ဦးဦး နေမကောင်းပါက ငှက်လွှတ်ခြင်း၊ ငါးလွှတ်ခြင်းဖြင့် လူနာရဲ့ အသက်ကို စောင့်ရှောက်ရာ ရောက်တယ်လို့ ယုံကြည်ကြပါတယ်။

အခမ်းအနားများနဲ့ဆိုင်တဲ့ အယူသီးမှုများ

Photo by freestocks.org

အဓိကသတိထားရမှာကတော့ မင်္ဂလာယူတဲ့ အခမ်းအနားတွေဖြစ်တဲ့ မွေးနေ့ပွဲ၊ မင်္ဂလာဆောင်နဲ့ ကလေးမွေး ခြင်းစတဲ့ အနေအထားမျိုးတွေဖြစ်ပါတယ်။ ကလေးမွေးဖွားပြီးချိန်မှာ မိခင်တွေကို ကလေး အသုံးအဆောင် ပစ္စည်းတွေ လက်ဆောင်ပေးတတ်ကြပါတယ်။ ဒါကတော့ ပုံမှန်ပါဘဲ။ ဒါပေမဲ့ မမွေးဖွားခင် အချိန်မှာ ကြိုတင် လက်ဆောင်ပေးခြင်းနဲ့ ပက်သတ်ပြီးတော့ အယူသီးတတ်ကြပါတယ်။ ကလေးအတွက် နိမိတ် မကောင်းဘူးလို့ ယူဆကြတဲ့အတွက် သတိထားရမှာပါ။

အရောင်နဲ့ ပက်သတ်ရင်တော့ အနက်ရောင်က ဝမ်းနည်းခြင်းကို ဖော်ဆောင်တဲ့အတွက် မင်္ဂလာ အခမ်းအနား တွေမှာ ရှောင်ရှားရမှာပါ။ ထိုနည်းတူပင် အရောင်တောက်တွေကို အသုဘ အခမ်းအနားတွေမှာ ဝတ်ဆင်ခြင်း ကလည်း မသင့်တော်ပါဘူး။ တချို့က နာရေးအခမ်းအနားရှိတဲ့ ရက်သတ္တပတ်အတွင်းမှာ ခေါင်းလျှော်ခြင်းမပြုလုပ်ကြတာမျိုး
တွေလည်း ရှိပါသေးတယ်။ 

Photo by freestocks.org

တခြားအာရှနိုင်ငံတွေမှာလိုပဲ နက္ခတ်၊ဗေဒင်လက္ခဏာ ယုံကြည်မှုတွေ ရှင်သန်နေဆဲပါ။ ဗေဒင်ဆရာတွေ ဆီကနေ ကလေးနာမည်ပေးတာ၊ မင်္ဂလာရက်သတ်မှတ်တာ၊ အလုပ်တစ်ခုမလုပ်မီ ဆုံးဖြတ်ချက်မချမီ အကြံ ညဏ်တောင်းတာတွေ လုပ်တတ်ကြပါတယ်။ ယုံကြည်သူတွေရှိနေတဲ့အတွက် မြန်မာနိုင်ငံအတွင်းမှာပဲ ထင်ရှား တဲ့ ဗေဒင်ဆရာတွေ ရှိပါတယ်။ ဗေဒင်ယတြာ ယုံကြည်မှုကတော့ ရှေးယခင် မင်းတွေ လက်ထက်ထဲက တိုင်းပြည်ရေးကိစ္စ ဆုံးဖြတ်ချက်တွေမှာ နက္ခတ်ဗေဒင်ကို အားကိုးခဲ့ကြတာပါ။

အနှစ်ချုပ်ပြောရမယ်ဆိုရင်တော့ ထေရဝါဒ ဗုဒ္ဓသာသနာမှာ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်ဆိုတဲ့ ကံ၊ ကံရဲ့ အကျိုးတရားကို ယုံကြည်ကြတာပါ။ ကံငါးပါးကို လုံအောင် ထိန်းသိမ်းဖို့ ဟောကြားထားတာတွေ တွေ့နိုင်ပါတယ်။ တခြားအယူသီးမှုယုံကြည်မှုများကတော့ ခေတ် အဆက်ဆက်က ဆင်းသက်လာတဲ့ လောကီအရာတွေဖြစ်တဲ့ အတွက် ကိုယ်ပိုင် လွတ်လပ်စွာ တွေးခေါ်ယုံကြည် နိုင်ပါတယ်။အခုပြောပြခဲ့တာတွေကတော့ လောကီ လောကုတ္တရာတွေ ထဲကမှ တချို့အယူသီးမှုတွေနဲ့ ယုံကြည်မှုတွေနဲ့ ဖြစ်ပါတယ်။

အဆုံးအထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။

Do you like this article?
If you have MingalaGO user's account, you can add bookmark into your mypage.

သုံးသပ်ချက်


မြန်မာလူမျိုးတွေ အယူသီးသလား
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း