The Grit Myanmar

2019-09-14edit Annalyssab

ဒေါသထွက်တတ်ကြလား။ ကျွန်တော်ကတော့ သိပ်ထွက်တတ်တာပေါ့ဗျာ။ဟုတ်ပြီ၊ "ဒေါသရှေ့ထား မှားတတ်တယ်" ဆိုတဲ့စကားလည်းကြားဖူးတယ် မဟုတ်လား။ စိတ်တိုလို့ တစ်ခုခု ထွက်ပေါက်ရလိုရငြား လုပ်လိုက်လို့ ဒုက္ခရောက်တာလည်း မနည်းတော့ဘူးလေ။အဲ့တော့ ကျွန်တော် Anger Management ဘယ်လိုလုပ်ရမလဲ စိတ်ဝင်တစားလိုက်ရှာကြည့်တယ်။ အန္တရာယ်ကင်းရမယ်။ မိမိကိုယ်တိုင်ရော ကိုယ့်လူ့အဖွဲ့အစည်းအပေါ်လည်း ဆိုးကျိုးမသက်ရောက်ရဘူး။ အဲ့ဒီမှာ ကျွန်တော် နေရာကောင်းလေးတစ်ခုသွားတွေ့တယ်။ ဟုတ်ပါတယ်။ ကန်တော်ကြီးထဲမှာ ဖွင့်လှစ်လိုက်တဲ့ “The Grit Myanmar” က သင့်ကို အတိုင်းအတာတစ်ခုထက်ပိုပြီး စိတ်လက်ပေါ့ပါးစေပါလိမ့်မယ်။

ပုဆိန်ပစ်ကစားနည်း က World Wide မှာ Popular ဖြစ်ပြီးသား အားကစားတစ်မျိုးဖြစ်ပေမယ့် မြန်မာပြည်ကို ပထမဆုံး စတင်မိတ်ဆက်ပေးခဲ့တာကတော့ “The Grit” ပါ။ လူငယ်ဆန်ဆန် လတ်လတ်ဆတ်ဆတ်ရှိပြီး နွေးထွေးတဲ့ ခံစားမှုမျိုးက ဆိုင်ထဲကိုဝင်လိုက်တာနဲ့ရလိုက်တယ်။ အဲ့..လာဆော့ပြီး အပန်းဖြေကြတဲ့ လူကြီးပိုင်း တွေလည်းအများကြီးဗျာ၊ (သူတို့လည်း တခါတလေ ငယ်ချင်ရှာမှာပေါ့လေ)

ဘယ်အရွယ်က စပြီးကစားလို့ရလဲဆိုရင်- ပုဆိန်ကောင်းကောင်းကိုင်နိုင်တဲ့အရွယ်ကစပြီးကစားလို့ရတယ်။ အသက် ကန့်သတ်ချက်မရှိဘူး။ ၁၃နှစ်အောက်တွေအနေနဲ့ကတော့ မိဘအုပ်ထိန်းသူတစ်ယောက်ယောက်ပါရင် ကောင်းတာပေါ့။

ကစားရတာ အန္တရာယ်ကင်းရဲ့လား ။

ကင်းတာပေါ့ဗျာ။ သူ့ရဲ့ သတ်မှတ်ထားတဲ့ လက်ဟန်အနေအထား၊စည်းမျဉ်းတွေနဲ့ အကွာအဝေးတွေကို ဂရုတစိုက်နဲ့ ဆော့ရင် အန္တရာယ်မကင်းစရာဘာမှမရှိဘူး။ သင် ပုဆိန်ပစ်လိုက်တဲ့အချိန် ပစ်မှတ်နားမှာ လူတစ်ယောက်မရှိဖို့တော့ လိုတာပေါ့လေ။

Trainer တွေကလည်း စိတ်ရှည်ရှည်နဲ့ သေချာလေး သင်ပေးတယ်ဗျ။


ဒါတွေအပြင် လာဆော့တဲ့လူတွေအနေနဲ့ Musicကို စိတ်ကြိုက်ဖွင့်လို့ရမယ်။ ကလေးတွေပါလာတဲ့ လူတွေအနေနဲ့ ကလေးတွေက အနှောက်အယှက်ပေးမှာ၊ ရှုပ်နေမှာ ပူစရာမလိုဘူး။ ပါလာတဲ့ ကလေးတွေမပျင်းရအောင် PS-4 ကို အခမဲ့ဆော့ခွင့်ပေးထားတယ်။

အခုတော့ VR Games တွေပါ တိုးချဲ့ပြင်ဆင်ပေးလိုက်ပြီဆိုတော့ ပိုမိုက်တာပေါ့နော်။


ပစ်မှတ် board ပေါ်မှာ အမှတ်တွေရေးထားပြီး ပွိုင့်တွေနဲ့ သူငယ်ချင်းအချင်းချင်း အအေးသောက်ကြေးဖြစ်ဖြစ် ဘီယာအေးအေးလေးရှင်းပေးကြေးဖြစ်ဖြစ် ပြိုင်ဆိုင်နိုင်ပါတယ်ခင်ဗျာ။ အဲ...သင့်ရဲ့မွေးနေ့ (ဒါမှမဟုတ်) ပွဲတစ်ခုခုအတွက် တစ်နေရာလုံးကို ငှားရမ်းမယ်ဆိုရင်တော့ “The Grit Myanmar” ကို ကြိုတင်ဖုန်းဆက်ပြီး Booking တင်နိုင်ပါတယ်။ ရုံးပိတ်ရက်စနေ တနင်္ဂနွေတွေမှာ ဖန်တရာတေနေတဲ့ ရန်ကုန်Nightlifeတွေကို ငြီးငွေ့နေပြီဖြစ်သော လူတွေအတွက် ဒီနေရာလေးက အသစ်အဆန်းလေးဖြစ်ပါလိမ့်မယ်။ ရင်ခုန်သံတွေ လတ်ဆတ်ပါလိမ့်မယ်။ ကြားရက်တွေမှာ လူရှင်းပေမယ့် စနေ တနင်္ဂနွေသွားမယ်ဆို Bookingလုပ်ဖို့ မမေ့ပါနဲ့နော်။ ခြုံပြီးပြောရရင် “The Grit Myanmar” ဟာ ရန်ကုန်မြို့မှာ လုပ်မယ့်အဖွဲ့လိုက်Party တွေ၊ small event တွေ အတွက် သင့်လျော်တဲ့နေရာလေးတစ်နေရာပဲဗျို့။


ကဲ...မကျေနပ်ချက်တွေပေါက်ကွဲလိုက်ဖို့ “The Grit Myanmar” ကိုသွားကြစို့။

လိပ်စာကတော့ ကန်တော်ကြီး မျှော်စင်ကျွန်း၊ချဉ်ငံစပ်ဆိုင်ရှေ့ဖြစ်ပြီး ဈေးနှုန်းတွေကတော့ လူတစ်ယောက် ၅၀၀၀ကျပ်(မိနစ် ၃၀) နဲ့ တစ်နာရီဆိုရင်တော့ ၈၀၀၀ကျပ် ကျသင့်ပါတယ်။

Opening Hour ကတော့

Mon - Fri : 2pm to 9pm

Sat - Sun : 10am to 9pm ဖြစ်ပါတယ်။

Call to reserve (5% OFF)

☎️ 095164616

☎️ 09750227918

Information

Address: Kandawgyi Lake, Myaw Zin Kyun | Opposite of Chin Ngan Sat Shop, Yangon (Rangoon) 11211, Myanmar
Opening Hour: [Mon-Fri] 2:00pm - 9:00pm, [Sat, Sun] 10:00am - 9:00pm, [Holiday] 12:00pm - 9:00pm
WEB: https://thegrit.business.site/
TEL: +95 9 516 4616





သုံးသပ်ချက်


The Grit Myanmar
0 / 5 (0 Users review)

ပထမဆုံးထင်မြင်ချက်ပေးလိုက်ပါ။

Member login and Leave your rating

To leave a review, please member login or registration.

သင့်တွင် မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရှိပါသလား။

personဝင်မည်

မင်္ဂလာဂိုးအသုံးပြုသူအကောင့်ရယူပါ။

personမှတ်ပုံတင်ခြင်း